1
2 min read · 479 words

Scroll to read
Chapbook · March 2026
Post-modernism
Preface Human beings try to become mathematical alphabets. For example, age, numbers, grades, identification numbers, success and failure, and so on. But when people are sad, when they are happy, when they are in pain, what can truly define them? This book cannot guide you. Numbers, by themselves, may be correct. They may contain answers. Read the questions inside this book. Do not try too hard to understand them. Try accepting what cannot be understood. You are not the answer. I was not the answer either. Even if no answer is found, these are still poems. If they have become questions, that is enough. Htut Khant Wint အမှာစာ လူသားတွေ က သင်္ချာအက္ခရာ ဖြစ်ဖို့ ကြိုးစားကြတယ်။ဥပမာ အသက် အမှတ် အဆင့် မှတ်ပုံတင်နံပါတ် အောင်မြင်တာ ကျရှုံးတာ စသဖြင့်၊ လူတွေ ဝမ်းနည်းတဲ့အခါ၊ ပျော်တဲ့အခါ၊ နာကျင်တဲ့အခါ ဘယ်အရာနဲ့ သတ်မှတ်လို့ရနိုင်လဲ။ ဒီစာအုပ်က မင်းတို့ကို လမ်းညွှန်မပြနိုင်ဘူး။ ကိန်းဂဏန်းတွေ က သူတို့ချည်းဆို မှန်ချင်မှန်နိုင်မယ်။ အဖြေရှိနိုင်မယ်။ ဒီစာအုပ်ထဲက မေးခွန်းတွေကို ဖတ်ပါ။ နားလည်ဖို့ အရမ်း မကြိုးစားပါနဲ့ ။ နားမလည်တာကို လက်ခံကြည့်ပါ။ မင်းလည်း အဖြေမဟုတ်ဘူး။ ငါလည်း အဖြေမဟုတ်ခဲ့ဘူး။ အဖြေမရခဲ့ရင်လဲ ဒါဟာ ကဗျာတွေပါပဲ။ မေးခွန်း တခု ဖြစ်နေခဲ့တယ်ဆိုရင် လုံလောက်ပါပြီ။ ထွဋ်ခန့် ဝင့်
2 min read · 479 words