← LibraryBook Listing
မြစ်အစစ် ရေမှုန်အစစ် လှိုင်းအစစ်

Scroll to read

မြစ်အစစ် ရေမှုန်အစစ် လှိုင်းအစစ်

Chapbook · July 2024

Poems from Real River, Real Droplets, Real Waves -To Exist/ To Become -Archive -Adolescent မြစ်အစစ် ရေမှုန်အစစ် လှိုင်းအစစ်တွင်ပါဝင်ခဲ့သော ကဗျာ ၃ပုဒ် -ရှိသည် ဖြစ်သည် -မှတ်တမ်း -adolescent

Pages
3
Words
1392
Language
မြန်မာ
Price
Free to read

ရှိသည်/ဖြစ်သည်(To Exist / To Become)

3 min read · 597 words

အိမ်ပြန်လမ်း မှာ အတွေး အပိုင်းအစတွေ ပြန့်ကျဲနေခြင်း ဘတ်စ်ကားခ အကြွေ မလုံလောက်ခြင်း ညဘက် ခံတွင်းချဉ် ပပျောက်ခြင်း လမ်းလျှောက် တဲ့ ညနေများ ဖြစ်ခြင်း ဖှုန်တက်နေတဲ့ အိပ်မက်တွေ ဟိုတစ်စ ဒီတစ်စ လိုက်ကောက်ခြင်း ညဘက် အိပ်မရမှုက ပုံမှန်ဖြစ်ခြင်း လုပ်စရာ မရှိ ကော်ဖီ ဖျော်နေတတ်ခြင်း မနေ့က ချန်ထားတဲ့ ဖက်ကြမ်းက ဖက်ကြမ်း မဆန်တော့ခြင်း နေမကောင်းတဲ့ အခါ ဝမ်းနည်းခြင်း စိတ်မကောင်းတဲ့ အခါ အဝတ်လျှော်ခြင်း မနက်ဖြန်အတွက် အဖြူတစ်ပိုင်း ချန်ခြင်း သစ်ရွက်ခြောက်များ မီးရှို့ခြင်း NY ရဲ့ subway များဟာ Marilyn ရဲ့ စကတ်လှန်ခြင်း Run forest Run လိုခြင်း သေးသေးတင်နဲ့ အောက်ကမြင့် နဲ့ နားမလည်ခြင်း မွန်းကြပ်မှုတွေ ကြား စီးကရက်တစ်လိပ် လိုအပ်ခြင်း မျက်ကန်း က မျက်ကန်းများကို ဦးဆောင်ခြင်း Ukulele ကြိုးလျော့နေခြင်း မညှိချင်ခြင်း အသံမထွက်ခြင်း 昼島(ဟိရူရှိမ) ရှင်သန်ထမြောက်ခြင်း သုတ်ပိုးများအား လွတ်လပ်စေခြင်း ကျူရှင် သွားရချိန် ငိုခြင်း ခြေညှပ်ဖိနပ် ကြိုက်တတ်ခြင်း အတွင်းခံ ၄ထည် လှည့်ဝတ်ခြင်း ဆဲဆိုမှုကို သည်းခြေကြိုက်ခြင်း ကောက်ညှင်း မစားခြင်း မြေပဲနဲ့ ရန်ဖြစ်ခြင်း John Coffey များ သေဆုံးခြင်း Parasite သတ်ဖို့ ပိုးသတ်ဆေး ဝယ် ခြင်း ဂျာရစ်ကို သူ့အမေလဲ မရိုက်နိုင်တော့ခြင်း အချစ်နဲ့ပေါင်မုန့် လဲစားခြင်း Rabbit hole ထဲ အတင်းဝင်ခြင်း ပုံဆွဲဖို့ ခဲတံမချွန်ခြင်း ကျစိမ့်က လက်ဖက်ရည်ဖြစ်ခြင်း Converse အစုတ်ကို နှစ်သက်ခြင်း လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှု ပျံ့ပွါးအောင် ကြိုးစားခြင်း ဓာတ်ပြား ခွေများ နဲ့ လူရိုက်ခြင်း ကတ်ဆက် ကြိုးခွေများဆွဲထုတ်ခြင်း နားကြပ်တစ်ဖက် ပြတ်ခြင်း ဦးနှောက် ၂ဖက် သေဆုံးခြင်း နှလုံးသား၌ အပင်မပေါက်ခြင်း မွေးနေ့ မရောက်ချင်ခြင်း အချိုးအကွေ့များခြင်း လက်နှိပ်စက်ရိုက်သံ ကို မြတ်နိုးခြင်း ရေနံဆီ မီးအိမ် တစ်လုံးကျကွဲခြင်း အဓိပ္ပါယ်မဲ့သောက အဓိပ္ပါယ် ဖြစ်လာခြင်း ဂျူး ၅သန်းက အဓိပ္ပာယ်မဲ့သက်သေဖြစ်ခြင်း အတ္တများနဲ့ ကမ္ဘာဖြစ်နေခြင်း မေတ္တာ တရား ပစိဖိတ်အောက် ရောက်နေခြင်း လိုက်လေ ပြေးလေ ဝေးလေ ဖြစ်ခြင်း လမ်းသူရဲ ဖြစ်လိုခြင်း ဂျိုးဖြူ ပိုက် အဆုံးကို သိလိုခြင်း ကြောင်တွေကို စန္ဒယားတီးခိုင်းခြင်း ဖျံများက trumpet မှုတ်ခြင်း တိရိစ္ဆာန်များနဲ့ jazz band ထောင်ခြင်း ပုရွက်ဆိတ်လေးများ နားကြပ်တစ်ဖက်မှ စီးဆင်းဝင်ရောက်ခြင်း သေနတ်၂၁လက် အဆက်မပြတ်ပြစ်ခြင်း လိင်ဆက်ဆံတဲ့ ပစ္စတိုများ နှစ်ခြိုက်ခြင်း အာတိတ်က မျောက် ကလေးများ အခန်းထဲ ကခုန်ခြင်း Buddy guy နဲ့ အပြာရောင် ဂီတ အကြောင်း ပြောခြင်း Alabama မှာ ကျေးလက်တေး နားထောင်ခြင်း အတော်မသပ်နိုင်သော လောဘများ အားကြိုးစား ထိန်းချုပ်ခြင်း မာနဆိုတဲ့ စာလုံးပဲသိခြင်း ခြင်းပေါင်းများစွာနှင့် ရှင်သန်ခြင်း မြန်မြန်အဆုံးသတ်လိုခြင်း ဖေဖော်ဝါရီ ၂၉/၂၀၂၄၊ ၁၁:၃၅ Fragments of thoughts scattered on the way home. Not having enough change for the bus fare. The sourness in the mouth fading away at night. Becoming the evenings spent walking. Picking up pieces of dusty dreams scattered here and there. Insomnia becoming ordinary. Making coffee when there is nothing to do. The cheroot left from yesterday no longer being a cheroot. Feeling sadness when I am sick. Washing clothes when I am unhappy. Leaving a measure of white liquor for tomorrow. Burning dry leaves. The subways of New York becoming Marilyn’s lifting skirt. Wanting to become “Run Forrest Run.” Not understanding the small above and the large below. Needing a cigarette among suffocating moments. The blind leading the blind. The ukulele strings becoming loose. Not wanting to tune them. No sound coming out. Hiroshima rising again. Setting sperm free. Crying when it is time to go to tutoring. Liking sandals. Rotating between four pairs of underwear. Enjoying insults. Not eating sticky rice. Fighting with peanuts. John Coffeys dying. Buying insecticide to kill Parasites. Jarrit no longer being able to hit his own mother. Trading love for bread. Forcing myself into the rabbit hole. Not sharpening pencils for drawing. Tea becoming sweet tea. Loving worn-out Converse. Trying to spread tea shop culture. Hitting people with vinyl records. Pulling out the tangled ribbons from cassette tapes. One side of the earphones breaking. Both sides of the brain dying. Nothing growing inside the heart. Not wanting my birthday to arrive. Having too many turning points. Loving the sound of a typewriter. An oil lamp falling and breaking. Meaningless suffering becoming meaning. Five million Jews becoming witnesses of meaninglessness. A world becoming made of egos. Love and compassion sinking beneath the Pacific. The farther I chase, the farther away it becomes. Wanting to become a street wanderer. Wanting to know where the white pipe ends. Making cats play the piano. Seals playing trumpets. Creating a jazz band with animals. Tiny ants flowing through one side of the earphones. Twenty-one guns firing without pause. Loving pistols that make love. Baby monkeys from the Arctic dancing inside the room. Talking with Buddy Guy about blue music. Listening to country songs in Alabama. Trying hard to control impossible greed. Knowing only the word pride. Surviving with countless cages. Wanting everything to end quickly. February 29, 2024 / 11:35
Page 1 of 3