မျောက်တွေကိုသတိထား(Beware of Monkeys)
1 min read · 285 words
ဘုရားပျောက်လိုက်ရှာရင်း
ငါတို့ကိုယ်တိုင် ဘုရားဖြစ်ခဲ့တယ်
ကြောင်တစ်ကောင်
စန္ဒရားတီးသလား
ဖြတ်နင်းသလား
လက်ညိုးလေးကွေးတတ်ဖို့
သေနတ်လွယ်ထားတဲ့ မျောက်တွေ
မိုက်ခရိုဖုန်းရှေ့ ချထားပြီး
သေနတ်သံတွေ recording ယူခဲ့
ဒီအသံဖိုင်
emailနဲ့ ဘုရားတိုင်းဆီ
ပို့ဖို့ကြိုးစားမနေနဲ့
ငိုသံတွေ အော်ဟစ်သံတွေ
ထိုင်ခုံ တစ်လုံးရဲ့ အရသာ
ကောင်းကောင်းကြီး ခံစားတတ်ချင်ပါရဲ့
မနက်စာ မစားဖြစ်တဲ့ ညတွေ
ညစာ မစားရတဲ့ မနက်တွေနဲ့
နိုးလာတိုင်း
သွေးနံ့တွေလှိုင်လှိုင်ထ
ဆာလောင်မှု ဟာ သွေးလား
အခွေ ၇ ခွေ ရဲ့ တောင်းတမှုလား
လက်အုပ်ချီတတ်ဖို့
ဒူးထောက် ဝတ်ပြုတတ်ဖို့
ဝန်လေးလာခဲ့တယ်
ရုပ်ထုကြီးတွေ ထပြီး
သေနတ်ကိုင်ရင် ကိုင်နိုင်ကောင်းပါရဲ့
ပက်လက်မကျချင်လို့
ကြောင်တစ်ကောင် ဖြစ်ချင်တယ်
ဝါသနာတွေကို ကျည်ကတ်ထဲထည့်
အတွဲလိုက်ပဲ ဆွဲပြစ်လိုက်တော့တယ်
ကောင်းကင်ပေါ်က ပြုတ်ကျတော့
Crimson ပန်းခင်းကြီး
ငါးတစ်ကောင်လို
ကူးခတ်ပစ်လိုက်ချင်ပါရဲ့
ငြိမ်းချမ်းဖို့ရာ
စီးကရက်တစ်လိပ်တော့
ခဲရမယ်ထင်ပါရဲ့
မတ် ၂၁၊၂၀၂၄/၂၂:၅၈
ရိပ်ခြောက်(၁၇)မဂ္ဂဇင်းမှ
Searching for God
after God disappeared,
we ourselves
became gods.
A cat —
does it play the piano,
or does it trample over it?
To learn
how to bend a finger,
monkeys carrying guns,
with microphones placed before them,
had their gunshots
recorded.
Do not keep trying
to send this audio file
to every god
through email.
The sounds of crying,
the sounds of screaming,
I wish I could truly feel
the taste
of a single chair.
Nights when I fail
to eat breakfast,
mornings when I have
no dinner left,
every time I wake up,
the smell of blood
rises everywhere.
Is hunger
blood?
Or the longing
of seven coiled intestines?
To learn
how to put my palms together,
to learn
how to kneel and pray,
I have begun
to feel burdened.
If the great statues
stood up
and held guns,
perhaps they could.
Not wanting
to lie on my back,
I want to become
a cat.
I placed my passions
inside gun magazines,
and pulled the trigger
all at once.
Falling from the sky,
a vast field
of crimson flowers,
I wish I could swim through it
like a fish.
To find peace,
I suppose
I must hold
a cigarette.
March 21, 2024 / 22:58
Selected and published in
Yeik Choke Literary Magazine, Volume 17.
